၁၃၈၆ ခု၊ ဝါဆိုလဆုတ် ၆ ရက်
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်)
“ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်)
လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အသိပေးကြေညာချက်”
၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ်များ၏တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက် မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့အထိ ဖြစ်ပါသည်။
သို့သော် မြေပြင်အခြေအနေများ၊ သက်ဆိုင်ရာပညာရေးအစုအဖွဲ့များ၏ ညှိနှိုင်းပန်ကြားချက်များ၊ မိဘပြည်သူများ၏ အကြံပြုပန်ကြားချက်များအရ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြရန် ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများအတွက် ဤ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃) ရက်၊ မြန်မာစံတော်ချိန် ည (၁၂:၀၀) နာရီအထိ တိုးမြှင့်သတ်မှတ် လက်ခံပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ် များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် (ဒုတိယအကြိမ်) (ဇွန်လ၊ ၂၀၂၄ ခုနှစ်) တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့် အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ