ရက်စွဲ။ ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်
၁။ “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ခေါင်းစဥ် ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချပါသည်။
၂။ အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ် သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ် သာ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါရန်လည်း တော်လှန်ရေးအင်အားစုများအား ကျွန်ုပ်တို့က တိုက်တွန်းနှိုးဆော်ပါသည်။
၃။ စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ် စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီး ဖြစ်သည်။ ယခုလည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအားမီးရှို့ခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်သည်။
၄။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်းမရှိ သကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာ သိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြု ကြရန် လိုပါသည်။
၅။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာ သိမ်းယူခဲ့သော တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းတခုသာ ဖြစ်သည်။ တရားမဝင် အကြမ်းဖက် စစ်အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိပါ။
၆။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၇။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ် သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားအသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံသကဲ့သို့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ် ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ