⁩ ⁨အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ်

🔺 ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့ပါတယ်။
🔺 ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး (၃၆) ကြိမ်မြောက်ကစပြီး ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ပါတယ်။
🔺 တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် ယခင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်က စပြီး ၁.၃ သန်းအထိ တိုးမြှင့် သုံးစွဲလျက်ရှိပါတယ်။
🔺 စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ (၈၅%) ဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ – ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ပါတယ်။
🔺 တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနှင့် မဟာမိတ်မျှဝေမှုများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်ကို စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အသိပေးတင်ပြအပ်ပါတယ်။
တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။
THANK YOU FOR YOUR “SERVICE”
တာ၀န်ထမ်းဆောင်မှုအတွက် လေးစားပါတယ်။
လာပါ ငါတို့အတူတူရုန်းမယ်။
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက –
Telegram မှ ဆက်သွယ်ရန် – t.me/prf4pdf
🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း – https://www.facebook.com/share/p/1AVXcurWuE/
It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။
Scroll to Top