ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ SCEF၊ CRPH နှင့် NUG တာဝန်ရှိသူများ တက်ရောက်

၁၀ ဩဂုတ် ၂၀၂၆
ယနေ့ကျရောက်သော (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကို ကချင် ၊ မြန်မာ နှစ်ဘာသာနှင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကောင်စီဝင်များ၊ CRPH တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ SCEF ၏ ညှိနှိုင်းရေးမှူး ဖြစ်သူ ဒေါက်တာဇော်ဝေစိုး နှင့် NUG တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
May be an image of text that says 'သတင်းထုတ်ပြန်ချက် 4 SCE ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ SCEFI CRPH နှင့်ပတောဝန်ရှိသူများတက်ရော နှင့် NUG တာဝန်ရှိသူများ တက်ရောက် ၁၀ ဝသြဂုတ်လ ၂၀၂၆'
ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော မိန့်ခွန်းတွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က NUG ၊ CRPH အပါအဝင် အခြား ERO’s များ အတူတကွပူးပေါင်းပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ၏ လုပ်ငန်းများတွင်ပါဝင်လျက်ရှိကြောင်း ၊ တိုင်းရင်းသားများအားလုံး မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေသည့်အချိန်တွင် စစ်အာဏာရှင် စနစ် ခိုင်မြဲကြာရှာနိုင်စေရန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေကြသူများအားလုံး ယနေ့အချိန်မှစ၍ ရပ်တန့်ပြီး အမှန်တရားဖက်မှာ ရပ်တည်ကြရမှာဖြစ်ကြောင်း၊ အာဇာနည် သူရဲကောင်းတို့ နှင့် ကျန်ရစ်သူ မိသားစုများ၏ ဆုတောင်းသံများကြောင့် တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလ သင်တို့အပေါ် ရောက်ရှိလာလိမ့်မှာဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
ထို့အပြင် စစ်ကောင်စီကိုလည်း နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာကို နိုင်ငံရေးနှင့်ဖြေရှင်းရန်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အများပြည်သူလူထုက လက်မခံနိုင်တာကို ပြန်လည်သုံးသပ်ရန်၊ ပြုပြင်ဖို့ လိုအပ်သောကိစ္စရပ်များကို အချိန်မနှောင်းခင်၊ အချိန်တွေနောက်မကျခင်ပြုပြင်ရန်၊ ပြည်သူကို ပစ်မှတ်ထားခြင်းအကာအကွယ်ယူခြင်းများကို ရှောင်ရှားရန်၊ လူသားတိုင်း၏ အသက်ကို တန်ဖိုးထားရန် နှင့် စစ်မြေပြင်တိုက်ပွဲများတွင် စစ်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန် သတိပေးထားသည်။
Scroll to Top