၂၅ ဇူလိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသ တို့ရှိ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ တာဝန်ရှိသူများ၊ ဖက်ဒရယ်ယူနစ်အသီးသီး၏ အစိုးရ၊ လွှတ်တော်တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
