၄ မေ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနိုင်ကောင်းရွက်နှင့် ဦးမင်းကိုနိုင်တို့ပါဝင်သော အဖွဲ့သည် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနသို့ သွားရောက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနှင့် တိုင်းစစ်ဌာနတာဝန်ရှိသူများက စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအခြေအနေများရှင်းလင်းတင်ပြခဲ့ကြပြီး ပဲခူးတိုင်းစစ်ဌာနအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြကာ ပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ကြသည်။



