ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့ တွေ့ဆုံဆွေးနွေး

၂၆ ဇူလိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၂) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားများပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
May be an image of map and text
Scroll to Top