အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

(၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်)

The National Unity Consultative Council (NUCC) and the National Unity Government (NUG) issued this 2024 new year statement in appreciation of the revolutionary forces who collaborate together to eradicate all forms of dictatorship and build a Federal Democratic Union.

၁။ အကြမ်းဖက် စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့ထိတိုင် သုံးနှစ်နီးပါးကြာ နည်းလမ်း ပေါင်းစုံဖြင့် ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြသော တော်လှန်ရေးကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖြင့် သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ၎င်းအောင်မြင်မှုများသည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့က လေးစားစွာ မှတ်တမ်းတင်အပ်ပါ သည်။

2. In addition to the daily expansion of revolutionary forces-controlled territories, the revolutionary forces are able to conquer major military bases, and the steady shrinking of military controlled areas can be attributed to the people defensive war\’s key success.

3. At the same time, the need for humanitarian assistance is growing as a result of the military terrorist group\’s targeting of millions of civilians, including women, children, the elderly, and persons with disabilities. To reflect this need, both regional and international governments must establish direct contact with us.

4. We truly document the entire society\’s strong commitment from the perspective of the \”People Movement,\” including nonviolent demonstrations and non-cooperative actions, while the military terrorist group commits horrific killings and arbitrary arrests. Furthermore, we want to inform the public that revolutionary forces are still effectively blocking the essential economic pillars of the military terrorist group from the of \”Economic/Financial\” front, including international sanctions.

5. We share a strong spirit and an explicit objective for the eradication of military dictatorship, the establishment of a Federal Democratic Union, and the peace and stability of the entire region. The military terrorist group is the primary obstacle to achieving this goal, and the military has failed to build peace for several decades. And its allies, including border guard forces, militias, and other forces, are engaging in unlawful activities, threatening regional prosperity and stability. All revolutionary forces, including the NUCC, NUG, and ethnic resistance organizations, noticed the military terrorist situation as a threat to the region. Therefore, the revolutionary forces require the cooperation of regional and international governments to implement the country\’s stability as well as for the regional peace and development.

၆။ ယခုအခါ ကျွန်ုပ်တို့တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။ တော်လှန်ရေးအင်အားစု အသီး သီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်ရှိနေပါသည်။ ၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးအတွက်လည်း လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေးအလွန်ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ဤသည်တို့မှာ တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေ ရန်အတွက်လည်း ကျွန်ုပ်တို့၏ အထူးသတိထား ဆောင်ရွက်ချက် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးအား အသိပေးအပ်ပါသည်။

၇။ နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထုလူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်းဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။

8. With this New Year statement, we call on military generals, officials, officers, and soldiers who are still taking orders from the military junta to make a timely decision to oppose Min Aung Hlaing and his allies\’ orders to commit war crimes, crimes against humanity, and terrorism that devastate the country and military institutions and to stand at the side of the people to fight against them.

၉။ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်သူလူထုတရပ်လုံး ဤနှစ်သစ်တွင် ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အရေးတော်ပုံ မုချ အောင်ရမည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်သွယ်ရန် (Signal)

(၁) ဦးတိုးကျော်လှိုင်

+1 260-240-6792

(၂) ဇက်နန်ရော်

+1 540-214-4843

(၃) ဦးကျော်ဇော်

+1‪6475353518‬ ‬

(၄) ဦးနေဘုန်းလတ်

+66654867824

Scroll to Top
Skip to content