(၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၂၅ ရက်)
ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၆)နှစ်၊တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် ၊ ခရစ်သက္ကရာဇ် (၂၀၂၄)ခုနှစ်၊နိုဝင်ဘာလ(၂၅)ရက်တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
(၁၈၈၅)ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းတပါး ဗြိတိသျှအစိုးရ၏ တတိယအကြိမ်ကျူးကျော်ခံရအပြီး အချုပ်အခြာအာဏာဆုံးရှုံး၍ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လက် အောက်ခံ ကိုလိုနီအဖြစ်သို့ ကျရောက်သွားခဲ့ပါသည်။ ကိုလိုနီနယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအောက်တွင် မြန်မာပြည်ကို တိုင်းတပါးအုပ်စိုးမှုမှ လွတ်မြောက်ရေးကို ရှေးရှုပြီး အမျိုးသားတော်လှန်ရေးကြီး စတင်ပေါက်ဖွား ခဲ့သော ခရစ်သက္ကရာဇ် (၁၉၂ဝ)ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ယုဒသန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားကြီးများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ပထမဆုံး သပိတ်တိုက်ပွဲဆင်နွဲသည့်နေ့ကို အမှတ်သညာပြုပြီး အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်တိုင် နှစ်စဉ်အမျိုးသားနေ့ အောင်ပွဲကို တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ပြီး မြန်မာတစ်နိုင်ငံလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ဆင်နွဲခဲ့ကြသည့် တော်လှန်ရေးစိတ်ဓာတ် နိုးကြားစေခဲ့သော နေ့ရက်လည်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် အတိတ်သမိုင်းကို ပြန်ထောက်ရှုရ လျှင် တိုင်းတပါး၏ ကျူးကျော်ကျွန်ပြုခြင်းကို ခေါင်းငုံမခံဘဲ မိမိနိုင်ငံကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်စွာဖြင့် လူထုကို စည်းရုံး့ဆော်ခြင်း၊ ကိုလိုနီနယ်ချဲ့များကို သပိတ်လက်နက်ကိုင်စွဲပြီး ဆန့်ကျင်မှုများမှတဆင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို အရယူအောင်ပွဲဆင်နိုင်ခဲ့သည့် လွတ်လပ်ရေးသမိုင်းသည် ထင်ရှားပြီးဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း တိုင်းရင်းသားပြည်သူလူထုအပေါ်တွင် လူမဆန်စွာ ရက်စက်နေသည့် စစ်အာဏာရှင်စနစ်ဆိုးနှင့်ဖက်ဆစ်စစ်တပ်ကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနှင့် မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက်နက်စွဲကိုင်ပြီး အပြီးသတ်အမြစ်ဖြတ် ခုခံ တွန်းလှန်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်ရည်မှတ်ပြီး နွေဦး တော်လှန်ရေး ကြီးကို ဆင်နွဲနေသည့်ကာလဖြစ်ပါသည်။
ယခုလို (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြု၍ သင်ခန်းစာယူစရာ ကဖြင့် အတိတ်သမိုင်းတွင် လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိအောင် စည်းလုံးညီညွတ်စွာဖြင့် ရက်စက်ခဲ့သည့် နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်ဝါဒများကို စည်းစည်းလုံးလုံးညီညီညွတ်ဖြင့် တစ်ဆင့် ခြင်း တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိတော်လှန်ရေးကြီးကိုလည်း ယင်းကဲ့သို့ မြန်မာ တနိုင်ငံလုံးရှိ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်း မော်ကွန်းအသစ်စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေး အနက်ထား တိုက်တွန်းပြောကြားလိုပါသည်။
ထပ်လောင်း၍ကတိပြုရလျှင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်သည်ထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူတကွကျောချင်းကပ် ဆောင်ရွက်မည်ဖြစ် ပါသည်။ထို့အတူ နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစု အသီးသီး ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာဖြင့် စနစ်တကျ တွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် အတူကြိုးစားကြရေး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဖိတ်ခေါ်ပန်ကြားရင်း (၁၀၄) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာအားပေးပို့ အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ