မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပေးပို့သည့် ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာ

(၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၈ ရက်)
မန္တလေးဒေသတွင် တော်လှန်ရေးကာလအတွင်း အဓိက လိုအပ်နေသော ကြားကာလအစီ အမံတစ်ရပ်ကို ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီ မျှမှု၊ ယုံကြည်မှုတို့ကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု ရလဒ်၏ ပထမ ခြေ လှမ်းအဖြစ် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေး ဆွဲရေး လုပ်ငန်းကော်မတီတစ်ရပ်အား အောင်မြင်စွာ အတည်ပြု ဖွဲ့စည်းနိုင်သည့်အပေါ် များစွာ ကြိုဆိုဂုဏ်ပြုပါကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်။
အဆိုပါ ကော်မတီက ရေးဆွဲမည့် ကြားကာလ အစီအမံသည် မန္တလေးဒေသအတွက် တော်လှန်ရေးကာလ၏ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သကဲ့သို့ အသွင်ကူးပြောင်းရေးကာလ၏ လမ်းစ လည်း ဖြစ်လိမ့်မည်ဟု ယုံကြည်ယူဆပါသည်။ နောက်ခံအကြောင်းတရား မတူညီကြသည့် တော်လှန် ရေးအင်အားစုများသည် ယုံကြည်ရာ နိုင်ငံရေးအယူဝါဒ အသီးသီးကို ကိုင်စွဲလျက် ကြားကာလ အစီအမံရေးဆွဲရာတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ဒေသအကျိုး၊ ဒေသရှိ ပြည်သူလူထု အားလုံးတို့၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ဒေသအလိုက် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြု ၍ တော်လှန်ရေးအင်အားစုများ အားလုံး စုစည်းညီညွတ်စွာ ပါဝင်ပြီး အသီးသီးထွက်ပေါ်လာကြမည့် နိုင်ငံရေးအစီအမံများကိုလည်းကောင်း၊ ယင်းနိုင်ငံရေးအစီအမံများကို တာဝန်ခံကာ စုဖွဲ့ပေါ်ပေါက် လာမည့် ဒေသကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းများ၊ ဒေသအစိုးရများကိုလည်းကောင်း အားပေး ကြိုဆိုလျက် ရှိပါကြောင်းနှင့် မန္တလေးဒေသတွင် ကြားကာလ နိုင်ငံရေးအစီအမံတစ်ရပ် ထွက်ပေါ် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် မန္တလေးဒေသမှ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများ၊ တာဝန်ရှိသူများနှင့် ပြည်သူလူထုအပေါင်းကိုလည်း ဂုဏ်ပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါ သည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
Scroll to Top
Skip to content