နိုင်ငံတော်သမ္မတ

ဦး၀င်းမြင့်

သမ္မတကြီး ဦးဝင်းမြင့်ကို (၁၉၅၁) ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် အဖ ဦးထွန်းကြင်၊ အမိဒေါ်သန်းတို့မှ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ညောင်ချောင်းကျေးရွာနှင့် ဓနုဖြူမြို့တို့တွင် ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ ရရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ အဖြစ် (၁၉၈၁) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နောင်တွင် တရားလွှတ်တော်ရှေ့နေ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ချိုချိုနှင့် အိမ်ထောင်ပြုပြီး သမီး မဖြူဖြူသင်းကို မွေးဖွားခဲ့သည်။ 

ငယ်စဉ်က ညောင်ချောင်းကျေးရွာနှင့် ဓနုဖြူမြို့တို့တွင် ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ ရရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ အဖြစ် (၁၉၈၁) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နောင်တွင် တရားလွှတ်တော်ရှေ့နေ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ချိုချိုနှင့် အိမ်ထောင်ပြုပြီး သမီး မဖြူဖြူသင်းကို မွေးဖွားခဲ့သည်။

သမ္မတမဖြစ်မီက ကျင်းပသည့် ရွေးကောက်ပွဲသုံးကြိမ်လုံးတွင် ဓနုဖြူ (၁၉၉၀)၊ ပုသိမ် (၂၀၁၂ ကြားဖြတ်) နှင့် တာမွေ (၂၀၁၅) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးကြိမ်လုံးတွင် အနိုင်ရ ရွေးကောက်ခံခဲ့သည်။ (၂၀၁၆) ခုနှစ်တွင် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးက ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့ပြီး (၂၀၁၈) ခုနှစ်တွင် နှုတ်ထွက်ခဲ့သည်။ ထိုကာလတွင် မြန်မာနိုင်ငံ၏ (၉) ဦးမြောက် သမ္မတဖြစ်သော ဦးထင်ကျော် သမ္မတအဖြစ်မှ နှုတ်ထွက်ရာ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံ၏ (၁၀) ဦးမြောက် သမ္မတအဖြစ် (၂၀၁၈) ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် တင်မြှောက်ခဲ့သည်။

(၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ (၄၉၈) ခုအနက် NLD က (၃၉၆) နေရာတွင် အနိုင်ရပြီး ရွေးကောက်ပွဲ အနိုင်ရပါတီအဖြစ် ပြည်သူများထပ်မံတင်မြှောက်ကြသော်လည်း အစိုးရသက်တမ်းအသစ် မစတင်မီ (၂၀၂၁) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းဖြစ်စဉ်ကာလအတွင်း (၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ကို ဖွဲ့စည်းခဲ့သည်။ CRPH အနေဖြင့် တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စသည်တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရန်၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်နှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရန် ရည်ရွယ်လျက် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို (၂၀၂၁) ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ NUG တွင် ဦးဝင်းမြင့်ကို သမ္မတအဖြစ် ဆက်လက်တာဝန်ပေးအပ်ထားသည်။

လူမှုကွန်ယက် စာမျက်နှာ
Scroll to Top
Skip to content