အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၄)

“အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး”
နောက်ခံသမိုင်းကြောင်း
မသန်စွမ်းသူများ၏ ဦးဆောင်မှု
မသန်စွမ်းသူများ၏ ဦးဆောင်မှုကို ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားမှု၏ ဆောင်ပုဒ်အဖြစ် “ငါတို့မပါဘဲ ငါတို့ကိစ္စ ဘာမှဖော်ဆောင်လို့မရ” ဟူ၍ သရုပ်ဖော်ထားသည်။ ပါဝင်မှု၊ ကိုယ်စားပြုမှုနှင့် ပါဝင်နိုင်မှုတို့၏ အခြေခံလိုအပ်ချက်များကို ဖော်ညွှန်းပြီး မသန်စွမ်းသူများက ၎င်းတို့၏ ဘဝအခြေအနေများကို တက်ကြွစွာ ပုံဖော်ရန် တောင်းဆိုထားသည်။ ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ၏ ဦးစားပေး အစီအစဉ်များထဲမှ တစ်ခုသည် မသန်စွမ်းသူများ၏ အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ရန်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် မသန်စွမ်းသူများနှင့် မသန်စွမ်းသူ အဖွဲ့အစည်းများ သည် ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း အပြောင်းအလဲများအတွက် ဦးဆောင်ဦးရွက်ပြုနေပြီဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် သုခချမ်းသာတို့ကို မြှင့်တင်ပေးရုံသာမက လူထုဦးဆောင်သော လှုပ်ရှားမှုများစွာကိုလည်း ဦးဆောင်လျက်ရှိသည်။ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ ဥပမာအားဖြင့် အခြေခံဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီနိုင်စေရန်၊ ၎င်းတို့အထဲတွင် မသန်စွမ်းသူများပါဝင်နိုင်ရန်၊ တိုင်ပင်ဆွေးနွေးခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ ထောက်ခံအားပေးခြင်းနှင့် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ ပံ့ပိုးကူညီခြင်းဖြင့် ရည်မှန်းချက်နှင့် ပင်မရေစီးကြောင်းချဉ်းကပ်မှုများကို ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု – ရရှိခဲ့သည့် အောင်မြင်မှုများ
ဘက်ပေါင်းစုံနှင့် အစိုးရအချင်းချင်းအကြား လုပ်ငန်းစဉ်များနှင့် မူဘောင်များတွင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မသန်စွမ်းသူများ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRPD) နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၇၅ ကဲ့သို့သော အောင်မြင်မှုများကို ရရှိစေခဲ့ပါသည်။ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်သည် မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်များတွင် ပေါင်းစပ်ထည့်သွင်းထားသည့် အထင်ကရသဘောတူစာချုပ်အဖြစ် ရပ်တည်နေသည်။ သဘောတူစာချုပ်၏ မူကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် အစိုးရအချင်းချင်း အသိုင်းအဝိုင်းနှင့် အတူယှဉ်တွဲ လုပ်ဆောင်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များ စုစည်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ အသိုက်အဝန်း၏ ခေါင်းဆောင်မှုနှင့် ထိတွေ့ဆက်ဆံမှုတို့ကို ထင်ရှားစွာ ပြသထားသည်။ ဤလုပ်ငန်းစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မသန်စွမ်းသူများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ မသန်စွမ်းသူများ၏ အဓိကကျသော ခေါင်းဆောင်မှုအခန်းကဏ္ဍများအား လူ့အခွင့်အရေးစာချုပ်များ၏နယ်ပယ်တွင် အရေးအပါဆုံး တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုခံထားရပါသည်။ ကုလသမဂ္ဂ၏ ကာလရှည်ကြာ ကတိကဝတ်ကို တည်ဆောက်ရာတွင် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ စံနှုန်းအင်အားစုများ၊ ၂၀၁၅ ဆန်ဒိုင်း ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာမူဘောင်နှင့် ၎င်း၏ နောက်ဆက်တွဲရလဒ်များသည် အကျပ်အတည်းအတွင်း မသန်စွမ်းသူများ၏ ဦးဆောင်စီမံခန့်ခွဲမှုကို အလေးပေးဖော်ပြခဲ့သည်။ လတ်တလောကာလတွင် မသန်စွမ်းသူများ၏ ထင်ရှားသော ဦးဆောင်မှုကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုက်အဝန်းသို့ ယူဆောင်လာခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၄၇၅ ကို ကိုယ်စားပြုပြီး လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိစ္စတွင် မသန်စွမ်းသူများ၏ အခြေအနေနှင့် အကာအကွယ်ပေးရေးတို့ကို အထူးတလည် ကိုင်တွယ်ဖြေရှင်းခဲ့သည့် ပထမဆုံးဖြစ်ရပ်အဖြစ် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “မသန်စွမ်းသူများ ပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်” ကို ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ်နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများအား ၂၀၃၀ အစီအစဉ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တို့ကို အကောင်အထည်ဖော်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ သုခချမ်းသာနှင့် ရှုမြင်မှုများကို အလေးပေးခြင်းနှင့်အတူ ကမ္ဘာကရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မသန်စွမ်းသူများပါဝင်သော တုံ့ပြန်မှုဖြစ်စေရန် ဦးတည်ချက်ထားရှိသည်။ မသန်စွမ်းသူများ၏ ပါဝင်မှုနှင့် ရှုမြင်ချက်များကို မြှင့်တင်ရန် ကုလသမဂ္ဂ၏ လုပ်ငန်းမဏ္ဍိုင်များ တစ်လျှောက် မသန်စွမ်းသူများ ပါဝင်မှုကို ဆက်လက်တိုးတက်စေခြင်းနှင့်အတူ မသန်စွမ်းသူများ၏ ပါဝင်မှုအား ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွင် အဓိကအစိတ်အပိုင်းအဖြစ် ထည့်သွင်းဖော်ဆောင်ရန် အထူးအလေးပေးထားသည်။
ပါဝါစင်္ကြံများဖွင့်ခြင်း- မသန်စွမ်းသူများ၏ခေါင်းဆောင်မှုအခွင့်အလမ်းများ
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (၂၀၂၄) အခမ်းအနားကို မကြာသေးမီက ပြုလုပ်ခဲ့သော အနာဂတ်ထိပ်သီးအစည်းအဝေးနှင့် အဓိကကျသော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ခံအခင်းအကျင်းဖြင့် ကျင်းပခြင်းဖြစ်သည်။ The Pact for the Future အစီအစဉ်သည် Global Digital Compact နှင့် အနာဂတ်မျိုးဆက်များအတွက် ကြေညာချက်တို့နှင့်အတူ ဘက်ပေါင်းစုံစနစ်အား ပြန်လည်အားဖြည့်ရန်၊ ၂၀၃၀ အစီအစဉ်အောက်တွင် ကတိကဝတ်များကို အသစ်တဖန်ဖြစ်စေရန်နှင့် ယနေ့စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်အတွက် ကမ္ဘာ့အုပ်ချုပ်ရေးပုံစံကို အသွင်ပြောင်းရန် ရည်ရွယ်ပါသည်။ ဤမူဘောင်များသည် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် မသန်စွမ်းအခွင့်အရေးများ အားကောင်းလာစေရန် အခွင့်အလမ်းများကိုလည်း ပေးအပ်ပါသည်။ သိသာထင်ရှားသည်မှာ မသန်စွမ်းသူများပါဝင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ကို မြှင့်တင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် နယ်ပယ်အများအပြားရှိသည်။ လက်နက်ကိုင်ပဋိပက္ခ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ လူငယ်များနှင့် လူမှုရေးဆိုင်ရာ ပါဝင်မှုနှင့် ပေါင်းစည်းမှု၊ လူငယ်လူရွယ်များပါဝင်မှု၊ ကုလသမဂ္ဂစနစ်အတွင်း မသန်စွမ်းသူများပါဝင်နိုင်မှုနှင့် လက်လှမ်းမီနိုင်မှုတို့ ပါဝင်နိုင်သည်။
အလားတူပင် လာမည့် ၂၀၂၅ ခုနှစ်တွင်ပြုလုပ်မည့် ဒုတိယအကြိမ် ကမ္ဘာ့လူမှုဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးအစည်းအဝေးတွင် ကွာဟချက်များကိုဖြေရှင်းရန်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိုပင်ဟေဂင်ကြေညာစာတမ်းနှင့် လုပ်ဆောင်ရန်အစီအစဉ်၊ ယင်း၏ အကောင်အထည်ဖော်မှုတို့ကို ထပ်မံကတိကဝတ်ပြုရန် နောက်ထပ်အရေးကြီးသောအခိုက်အတန့်တစ်ခု ဖြစ်သည့်အပြင် ၂၀၃၀ အစီအစဉ်ကို အကောင်အထည်ဖော်မှုအား အရှိန်အဟုန်မြှင့်တင် ပေးပါသည်။ ၂၀၂၅ ကို လှမ်းမျှော်ကြည့်လျင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၏ လူမှုရေးမဏ္ဍိုင်ကို အားဖြည့်ရာတွင် မသန်စွမ်းသူများ၏အခန်းကဏ္ဍကို ချဲ့ထွင်ရန်နှင့် စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော်လည်း တည်ရှိနေဆဲ နက်ရှိုင်းသော အမြစ်တွယ်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာမညီမျှမှုကို ကိုယ်တိုင်ဖြေရှင်းနိုင်ရန် အခြေအနေ လုံလောက်မှု မရှိကြောင်းကို အလေးပေးဖော်ပြရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးများသည် မသန်စွမ်းသူများပါဝင်သော၊ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ စဉ်ဆက်မပြတ် လမ်းပြမြေပုံကို ပံ့ပိုးပေးရာတွင် အချင်းချင်း အားဖြည့်ပေးမည်ဖြစ်သည်။ ဤဖြည့်စွက်ချက်ကို အလေးပေးခြင်းဖြင့်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၄) သည် မသန်စွမ်းသူများအားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သေချာစေရန် မသန်စွမ်းသူများ၏ ဦးဆောင်မှုကို အသုံးချရန် အရေးကြီးကြောင်း အလေးပေးဖော်ပြရန် ရည်ရွယ်ပါသည်။
Scroll to Top
Skip to content