အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ တပ်ရင်း ၅၁၀၁ မှရဲဘော်များ၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေသော တပ်သားအသစ်များကို လူ့အခွင့်အရေး (Human Rights) အခြေခံနှင့် စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) သင်တန်းကို ပေးအပ်ခဲ့သည်။
သင်တန်းကို ၃ ရက်ကြာ Hybrid ပုံစံဖြင့် မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်သင်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ International Humanitarian Laws/Geneva Convention နှင့် သက်ဆိုင်သည်များကို အခြေခံသဘောတရားများ သင်ကြားပို့ချပေးခဲ့သည်။
Scroll to Top
Skip to content