ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများကို “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်” အစီအစဉ်မှတဆင့် ဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းကြသည့် အလှူငွေမှ ရေဘေးသင့် ပြည်သူများထံသို့ သက်ဆိုင်ရာတာဝန်ခံ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိ ပါသည်။
ဒ့ါအပြင် မြေပြင်ရှိ မြို့နယ်တာဝန်ခံများနှင့် ချိတ်ဆက်ကာ ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ လက်ရှိရေဘေးသင့်ဒေသများတွင် ဒေသခံပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံများ၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးလျက်‌ရှိပါကြောင်း တင်ပြအပ်ပါသည်။
Scroll to Top
Skip to content