အချက်အလက်အားဖြင့် ကြည့်မယ်ဆိုရင် ၂၀၂၄ ကာလမှာ တတိယအကြိမ်မြောက် သဘာဝဘေးဒဏ်ရန်ပုံငွေ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးအန္တရာယ်တိုင်းအတွက် ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ မာန်ကိုတင်းပြီး လက်သီးတွေဆုပ်ပြီး ဖြတ်ကျော်ကြရမှာပဲ မဟုတ်ပါလား။
ပြည်သူအချင်းချင်း ကူညီနိုင်ဖို့ NUGPay ရဲ့ Disaster Relief Fund အစီအစဉ်ဟာ အမြဲတမ်းအတွက် ဖြစ်ပြီး Campaign ရက်စွဲ သတ်မှတ်ထားခြင်း မရှိပါ။ ကူညီကယ်ဆယ်ရေး ရန်ပုံငွေဖြစ်တဲ့အတွက် ရန်ပုံငွေ ရှိနေသမျှ အကူအညီလိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေထံ လှူဒါန်းနေမှာ ဖြစ်ပါတယ်။
ယခင်ကလို သတ်မှတ်ကာလထိ စောင့်ဆိုင်းကာ လှူဒါန်းနေမည် မဟုတ်တော့ပဲ၊ သိန်း ၅၀ ပမာဏ ပြည့်မီတိုင်း လိုအပ်နေသူများထံ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုပြီးစီးသမျှကို ပြည်သူလူထုထံ အမြဲ update တင်ပြပေးနေမှာ ဖြစ်ပါတယ်။
ဘေးအန္တရာယ်ကြုံရတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့ရဲ့ ဘုံလူသားဖြစ်မှုနဲ့ မေတ္တာတရားကို အစစ်အမှန် ဖော်ညွှန်းနိုင်ပါတယ်၊ အခက်အခဲတိုင်းကို ချစ်ခြင်းမေတ္တာအားဖြင့် ကျော်ဖြတ်ကြပါစို့လား။

လေးစားတန်ဖိုးထားမှုဖြင့်
NUGPay စီမံဌာန