အကြမ်းဖက်စစ်အုပ်စုက မတရားစစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ၊ ပုံစံတွေနဲ့ အဖြစ်အပျက်တွေကို အများပြည်သူအနေနဲ့ အချိန်နဲ့ တပြေးညီလေ့လာနိုင်ဖို့ Unlawful Conscription Watch-Data Dashboard တခုကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါပြီ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျ ကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနလုပ်ပြီး ဖော်ပြထားပါတယ်။
ဒီ Dashboard မှာ အဓမ္မစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေကို လအလိုက်၊ တိုင်းနဲ့ပြည်နယ်အလိုက်တွေ့နိုင်ပါမယ်။ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အသက်အရွယ်အပိုင်းအခြားအလိုက် ဖော်ပြထားမှုနဲ့ တခြားအချက်အလက်တွေလည်း ပါဝင်ပါတယ်။
Dashboard ကိုကြည့်မယ်ဆိုရင် လောလောဆယ်အချိန်အထိ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၀) ၊ ဖမ်းဆီးခံရသူပေါင်း (၂၂၇၆၅) ဦးရဲ့ အချက် အလက်တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။
နောက်ထပ်ရရှိတဲ့အချက်တွေကိုလည်းအချိန်နဲ့ တပြေးညီ အောက်မှာဖော်ပြထားတဲ့ link ကနေ ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Data Dashboard Link: https://mohr.nugmyanmar.org/unlawful_conscription_watch/
(မှတ်ချက်။ ပြည်တွင်းserver များအနေနဲ့ VPN အသုံးပြုရန် လိုအပ်ပါသည်။)