ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

အပူပိုင်းမုန်တိုင်းအခြေအနေ
•••••••••••••••••••••••••
🔻 နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ဆန်းစစ်လေ့လာမှုအရ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လျှက် ရှိပါသည်။
🔻 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ ညနေ (၅း၀၀)နာရီအချိန် ခန့်မှန်းချက်များအရ ဖိလစ်ပိုင်ပင်လယ် တွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း Pulasan သည် မနက်ဖန် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါ ပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်၍ အင်အားအနည်းငယ်လျော့ နည်းသွားမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါမုန်တိုင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ချိန်အတွင်း အားပြန်ကောင်းလာကာ စက်တင်ဘာ (၂၀)ရက်နေ့၌ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Zhejiang ပြည်နယ်တွင် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ပါသည်။ ထို့နောက် ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိပြီး စက်တင်ဘာလ (၂၁)ရက်နေ့တွင် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းရရှိပါသည်။
🔻 ထို့အတူ တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄နာရီအတွင်းပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းရပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် စက်တင်ဘာလ(၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါသည်။
အကြံပြုချက်
••••••••••••
🔻အဆိုပါ အပူပိုင်းမုန်တိုင်းများ၏ သက်ရောက်မှုများကြောင့် လာမည့် စက်တင်ဘာလ (၂၀)ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါ သည်။ သို့ဖြစ်ရာ အဆိုပါဒေသများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် အသိပေးတင်ပြ အပ်ပါသည်။
မှတ်ချက်
••••••••
မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Scroll to Top
Skip to content