ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

၂၆ ဇူလိိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၃) ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါအွန်လိုင်း တွေ့ဆုံပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ကြကာ တက်ရောက်လာကြသော ခေါင်းဆောင်များက အာရက္ခပြည်တွင် ကြုံတွေ့နေရသောရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်များနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ ခေါင်းဆောင်များမှ SCEF ၏ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊မူဝါဒများ၊ လက်ရှိပြုလုပ်နေသော အကြောင်းအရာများ နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအကြောင်းအရာတို့ကိုအသိပေးခဲ့ကာ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တစ်နာရီကျော်ကြာ အွန်လိုင်းတွေ့ဆုံပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။
May be an image of text
Scroll to Top