ဒီလီ မာရသွန်တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါ၀င်ခဲ့ကြသော အားကစားသမားများအား အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြု

၁၆ ဩဂုတ် ၂၀၂၆
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၆ ခုနှစ် ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ (၁၆) ရက်နေ့ ညနေတွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ​/ ဒီလီမြို့ အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ၏ မြန်မာမစ်ရှင်ရုံး အကြီးအကဲ ဦးလင်းသန့်၊ မစ်ရှင်ရုံး ဒုတိယအကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် နှင့် တာဝန်ရှိသူများ၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ တက်ရောက်ခဲ့ကြပါသည်။
May be an image of text that says 'Rapuble alNguszat L0 ံရောင်မုမနန ပြည်ထောင်စု မြန်မာနိုငံငံော် အမျိးသားရညီလွတ်ေအစိုးရု သတင်းထုတ်ပြန်ချက် LANLA Maha inge 2inMarAang Zaw ZawWaiSoe Wai Soe ctarHa ZawWeSce สเทน hart NayPeeaLar Han Suu PND) รละเอก alMaię ទំលំ မာရသွန်တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခဲ့ကြသော အားကစားသမားများအား အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြု ၂၀၂၆ခုနှစ် ၆ခုနှစ် သြဂုတ်လ ရက်'
အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး နှင့် တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများကလည်း ခရီးစဉ်အတွေ့အကြုံများ၊ ပြိုင်ပွဲအတွေ့အကြုံများ၊ တီမောလက်စ်တေနိုင်ငံသမ္မတ နှင့် တွေ့ဆုံခဲ့ကြသည့်အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ကြသည်။
ယခုပြိုင်ပွဲသည် အားကစားပြိုင်ပွဲတခုသာမက သံခင်းတမန်ခင်းလုပ်ငန်းတခုသဖွယ်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများသည်လည်း အားကစားသမားများသာမဟုတ် သံတမာန်များအဖြစ် မှတ်ယူနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။
အခမ်းအနားတွင် ၂၀၂၆ ခုနှစ် ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြသည့် အားကစားသမားများကို အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကာ နိုင်ငံတော်ယာယီသမ္မတက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Scroll to Top