၂၆ ဇူလိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD , မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC), မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC), မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၁) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ဥက္ကဋ္ဌ နိုင်ဇေယျတို့က အဖွင့်အမှာစကားများပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်း တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
