အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနစ်၊ စက်တင်ဘာလ (၇) ရက်
တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း အသက်၊ ခန္ဓာ နှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းများကို ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်နေ့ဖြစ်သော ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက် သမိုင်းဝင်နေ့တွင် အွန်လိုင်း နှင့် မြေပြင် (၂)မျိုးပေါင်းစပ်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုသော အစိုးရ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရ နှင့် ဖက်ဒရယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့မှ တပ်မှူးများ၊ ရဲဘော်များ စုစုပေါင်း (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
May be an image of text that says 'ချီးမြှင့်မည့် ဘွဲ့၊ ဆုနှင့် တံဆိပ်များ OF OF LOENO PEVOR ပြည်သူ့တော်လှန်ရေး ဂုဏ် ဆောင်ဘွဲ့ าพิลเอก 安 Honor of People's Revolution SACVDLUNCIATA ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ Legend of of People's Revolution ပြည်သူ့စာနည် ဆုတံဆိပ် People's Medal for Noble Service ပြည်သူ့သားကောင်း ဆုတံဆိပ် People's Medal People'sMedalforLoyal for Loyal Service တော်လှန်ရေး အမှုထမ်းကောင်း တံဆိပ် Badge of Revolutionary Service'
အခမ်းအနားကို ပြည်သူ့တော်လှန်ရေးအလံတော်အား အလေးပြုခြင်းဖြင့် နံနက် (၁၀) နာရီ တွင် စတင်ခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်အမှာစကားပြောကြားခြင်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဆုတံဆိပ်ဖြစ်ပေါ်လာခြင်း နှင့် ပေးအပ်ရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့အား နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့သားကောင်းဆု ကို ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပေးအပ်ခြင်းချီးမြှင့်ခြင်း၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး က ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့ဇာနည်ဆုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့သားကောင်းဆု ကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် က ပေးအပ်ချီးမြှင့်ခြင်း၊ တော်လှန်ရေးအမှုထမ်းကောင်း တံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက် က ပေးအပ်ချီးမြှင့်ခြင်း၊ ဘွဲ့တံဆိပ်ရရှိသည့် ရဲဘော်များ ကိုယ်စား မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော် ပျားအုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ဘွဲ့တံဆိပ် ရရှိသည့် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကိုယ်စား မသဇင်ညွန့်အောင်က ကျေးဇူးတင်စကားပြောကြားခြင်း၊ ဦးမင်းကိုနိုင်က ရဲဘော်များအား အားပေးစကား နှင့် ဂုဏ်ပြုစကား ပြောကြားခြင်း၊ ပြည်ထောင်စု ဝန်ကြီးချုပ်က ဘွဲ့၊ ဆု၊ တံဆိပ် ရရှိခဲ့ကြသော ရဲဘော်များကို ချီးကျူး ဂုဏ်ပြုစကား နှင့် နိဂုံးချုပ်စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
May be an image of text that says 'ပြည်သူ့ကာက စစ်ဘက်ဆုစ်ော အမျိုးဆားညီညွှတ်ရေးအနိုးရု တော် တည်ဆောင်ခြင်း င်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြင့် တံဆိပ်ခ .0기 KA X'
May be an image of text that says 'အမျိုးသာ ပြည်သူ့ကာကွယ်ရေး တပ်မတေ့ စစ်ဘက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာသူရဲကောင် သူရဲကောင် အစိုးရ နှင်း (၅) (၅)နှစ်ပြည့် အထိမ်းအမှတ် ိပ်ချီးမြှင့်ခြင်း ထိပ်ချီးမြှင့်ခြင်းအခမ်းအနား အခမ်းအနား Y Mon PDr'
May be an image of text
May be an image of text that says 'အမျိုးသားညီညွတ်ရေးအစိုးရ ပ်ရေး တပ်မတော် တည်ထောင်ခြင်း (၅)နှစ်ပြ ်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်း ဘ် စနှစ်၊စက်တင်ဘာလ(၇)ရက် ၆ခုနှစ်၊ ခုနှစ်၊စက်တင်ဘာလ(၇)ရက် စက်တင်ဘာလ (၇) ရက် ၁၀,၀၀၀,၀၀၀ သိန်းတစ်ရာကျပ်'
May be an image of text that says 'ပြည်သူ့ကာကွယ်ရေ စစ်ဘက်ဆိုင် အမျိုးသားညီညွတ်ရေးအစိုးရ တော် တည်ထောင်ခြင်း တာင်းဘွဲ့၊ ဆုနှင့် တံဆိပ်ခါး စ်ပြည့် အထိမ်းအမှတ် လင်း အခမ်းအနား S ม) စက်တင်ဘာလ ဘာလ စက်တ င်'
May be an image of text
May be an image of text that says 'ပြည်း အမျိုးသားညီွှတ်ရေးအစိုးရ ရ တပ်မတော် တည်ထောင်ခြင်း (၅)နှစ်ပြည့် အထိမ်းအမှ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနား နား စက်တင်ဘာလ စက်တင်ဘာလ(၇) (၇) ရက် ၁၀,၀၀၀,၀၀၀ 00,000, O0, ,000 သိန်းတစ်ရာကျပ်'
May be an image of text that says 'ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့ကာကွယ် စစ်ဘက်ဆ် ျိုးသားညီညွတ်ရေးအစိုးရ တော် တည်ထေ :(၅) (၅)နှစ်ပြည့် အထိမ် င်းဘွဲ့၊ ဆုနှင့် ሪ ၁ချီးမြှင့်ခြင်း အခမ်းအ'
May be an image of text that says 'ပြည်သူ့ကာကွယ် စစ်ဘက်ခ် အမျိုးသားညီညွတ်ရေးအစိုး ပ်မတော် တည်ထောင်ခြင် ရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်း 小热産 GID ပြည့် အထိမ်းအမှတ် င်း အခမ်းအနား ว c သာ'
May be an image of text that says '매일비대전프밥 ပြည်သူ့ကာကွယ် စစ်ဘက်ဆိုင် အမျိုးသားညီညွတ်ရေးအစိုးရ ပ်မတော် တည်ထောင်ခြင်း ဲကောင်းဘွဲ ဆုနှင့် တံဆိပ်ဆို ည့် အထိမ်းအမှတ် နအခမ်းအနား nH K 趣) ,နှစ်၊ စက်တ နှစ်၊စက်တင်ဘာ ဘာ င်'
May be an image of one or more people and text that says 'ပြည်သူ့ကာကွယ်ေ စစ်ဘက်ဆိုင်ရး းအစိုးရ ခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ် ဆိပ်ချီးမြှင့်ခြင်း ဆိပ်ချီးမြင့်ခြင်းအခမ်းအနား အခမ်းအနား unt Aung'
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution/HPR)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution/LPR)၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service – BRS) တို့ကို ချီးမြှင့်ခဲ့ကာ HPR ဘွဲ့ ရရှိသူ (၁) ဦး၊ LPR ဘွဲ့ ရရှိသူ (၂၁) ဦး၊ PMNS ဆု ရရှိသူ (၁၆၄၇) ဦး၊ PMLS ဆု ရရှိသူ (၈၁) ဦး၊ BRS တံဆိပ် ရရှိသူ (၄၂) ဦး ရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း (၁,၇၉၂) ဦး အထိ ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ (၁,၄၄၂) ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ (၃၂၄) ဦးနှင့် မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများမှ ၂၆ ဦးတို့ ပါဝင်ပြီး ဘွဲ့၊ ဆု ၊တံဆိပ်ချီးမြှင့်ခံရသူများထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု (၄၅) ဖွဲ့ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သူရဲကောင်း ဆု၊ ဘွဲ့ နှင့် တံဆိပ်ချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top