“ရေဘေးအန္တရာယ် ကြုံတွေ့နေရစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေ​ကြောင်း တိုက်ခိုက်မှု မှတ်တမ်း “

၂၀၂၆ ခုနှစ် ၊ သြဂုတ်လ( ၈ )ရက်မှ (၂၃) ရက်နေ့ထိ ကောက်ယူရရှိထားသော အချက်အလက်များအရ ရေဘေးအန္တရာယ် ကြုံတွေ့ နေရစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံရှိဒေသ (၁၁) ခုတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် စုစုပေါင်း (၂၃၉ )ကြိမ် ဖြစ်တာကို မြေပြင်သတင်းအချက်များကောက်ယူရရှိခဲ့ပါသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသွားတဲ့ အပြစ်မဲ့အရပ်သားပြည်သူစုစုပေါင်း အရေအတွက်မှာ (၈၈ )ယောက်အထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅၇ )ယောက်ရှိခဲ့ပါသည်။
ဘာသာရေးအဆောက်အအုံ (၁၀) ခု၊ စာသင်ကျောင်း ( ၃ ‌)ကျောင်းအပါအဝင် အဆောက်အအုံစုစုပေါင်း (၁၅ )ခု ပျက်စီး ဆုံးရှုံးသွားပါသည်။
ယခု သြဂုတ်လ ၈ ရက်မှ ၂၃ ရက်နေ့ထိ ကောက်ယူရရှိထားသော အချက်အလက်များ အရ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၄) မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေတွက် (၆၀ )အထိရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူ (၅၉) ဦးရှိပြီး ၊ အပြစ်မဲ့အရပ်သားပြည်သူသေဆုံးမှုပေါင်း (၃၇) ဦးထိရှိခဲ့ပါသည်။
ပျက်စီးသည့် အဆောက်အအုံများ နှင့် မြို့နယ် အလိုက်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်များ ကို အောက်ဖေါ် ပြပါ ဇယားများတွင်အတိအကျကို ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ရေဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူများနေထိုင်ရာ မြို့နယ်များဖြစ်သည့် ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ စသည့်မြို့နယ် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်၏ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်း အဖြစ် သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top