၂၀၂၆ ခုနစ် မေလ (၁၄)ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရ တို့သည် ၂၀၂၆ခုနှစ် မေလ (၁၃) ရက်နေ့တွင် Online မှ တဆင့် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ် တို့နှင့်အတူ ဝန်ကြီးများနှင့် အခြားတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့က အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် SCEF ၏ ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ဦးစိုးဦးနှင့် ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းဆောင်ရွက်နေမှုများကိုအကျဉ်းချုပ် တင်ပြခဲ့ပါသည်။ ထို့နောက် SCEF သည် မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်နှင့်အညီ မဏ္ဍိုင်တစ်ခုဖြစ်သည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနှင့် ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားများ ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။
