သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှစတင်၍ ၃၈ ကြိမ်အထိ ပေးအပ်ခဲ့ ပြီး တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉၆ သန်းခန့် သုံးစွဲခဲ့ပါသည်။
၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်မှ စတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁.၃) သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့လျက်ရှိပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့ များကိုလည်း (၃၆) ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့လျက်ရှိပါသည်။
၃။ ယနေ့အချိန်အထိ သုံးစွဲခဲ့သည့် တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း (၃၀) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်၏ (၄၆) လ တာအတွင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်၍ သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။
၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် ခိုင်မာသော သန္နိဋ္ဌာန်၊ ပြတ်သားသော ယုံကြည်ချက်တို့ဖြင့် တာဝန်ထမ်းဆောင် ခဲ့ကြသူ တစ်ဦးချင်းစီကို အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံး၏ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန် အောင်ပွဲရရှိမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ပြည်သူ့ တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်နှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်များတွင် မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြပါရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top