ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေး

၂၅ ဇူလိိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA) တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၀) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှ ကိုဆောင်းခ တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။
May be an image of slow loris and text
Scroll to Top